Blogger Widgets ဆော့ဝဲလ်ကျောင်းတော် ကို ၁၄.၃.၂၀၁၃ တွင် စတင်တည်ထောင်ပါသည်.ဖုန်းနည်းပညာ များကိုအဓိကထားေ၇းသားပေးပါမည် သူငယ်ချင်းတို့ လိုချင်တာလေးတွေလဲ တောင်းဆိုသွားနှိုင်ပါတယ်နော် .စာဖတ်ပ၇ိတ်သတ်အနေနဲ့ တခုလောက်အကူညီတောင်းဆိုချင်ပါတယ်ခင်ဗျာ မိမိတို့ လေ့လာခဲ့သော လင့်များသေပြီးအလုပ်မလုပ်ခဲ့လျှင် ကွန့် မက်လေး ပေးပြိးအသိပေးစေချင်ပါတယ် ဒါမှလဲ ပြန်လည်ပြုပြင်လို့ ၇မှာဖြစ်ပါတယ် .............အားလုံးကိုလေးစားစွာဖြင့် မိုးတိမ်(နည်းပညာ)...

Friday, August 2, 2013

Facebook အကောင့်ကိုlock မကျအောင်ဘယ်လိုကာကွယ်၇မလဲ



Facebookအကောင့် ကို Secure ဖြစ်ဖို့ အရေးကြီးလာပါပြီ ..
အသုံးပြုသူတွေများလာတဲ့အခါ အင်တာနက်သုံးမယ်ဆိုရင် Facebook
အကောင့်မရှိဘူး ဆိုရင်ပဲ ခေတ်မမှီတော့သလိုဖြစ်လာပါပြီ ..

ဒါပေမယ့် သုံးသာသုံးကြတာ သူ့ရဲ့ Security ကို တော့
သိပ်ပြီးတော့အလေးအနက်မထားမိကြဘူး .. ပုံမှန်အတိုင်းပဲ သုံးနေကြတာပဲ ..
Facebook အကောင့်ကို Hack လုပ်ဖို့ဆိုတာလည်း လွယ်တော့မလွယ်လှပါဘူး ..
ဒါပေမယ့် အချိန်မရွေးမှာလည်း Hack ခံရနိုင်ပါတယ် ..
ကိုယ့်ဆီက Message ကနေဖြစ်ဖြစ် , ကိုယ့်ရဲ့ wall ကနေပဲဖြစ်ဖြစ် Link လေးတစ်ခုကို
 နှိပ်လိုက်ရုံနဲ့ တင်လည်း Hacked ဖြစ်သွားနိုင်ပါတယ် …
တခြားနည်းတွေလည်းများမှများပါပဲ … ကိုယ့်အကောင့် Hack ခံရလည်း ဘာမှမဖြစ်နိုင်ပါဘူး
ထားလိုက်ဆိုပေမယ့် တခြားလူက ကိုယ့်ရဲ့ အကောင့်ကနေပြီးတော့ အလွဲသုံးစား
လုပ်နေမယ်ဆိုရင် အရင်ဆုံးသိက္ခာကျတာက ကိုယ်ပါ ..
ဘယ်လိုပဲဖြစ်ဖြစ် Facebook စွဲ ရောဂါကလည်းရှိနေ တော့ ကိုယ့်ရဲ့ အကောင့်ကို
တတ်နိုင်သလောက် တော့ကာကွယ် သင့်တယ်လို့ ယူဆသင့်ပါတယ် ..
ရေးထားတဲ့အချက်ကလေးတွေက သိပ်ပြီးတော့ ထွေထွေထူးထူးကြီး မပါပေမယ့်
 သတိမထားမိတာလေးတွေ သတိထားမိအောင် သတိပြုမိအောင် ရည်ရွယ်ပါတယ်

                                 ပက်စ်ဝေါ့ကိုအလွယ်တကူမထားပါနဲ့ 
ဒီအချက်ကတော့ အခြေခံအကျဆုံးပါပဲ .. တချို့ကျတော့ ပျင်းတာလား ၊ စိတ်မရှည်တာလားတော့ မသိဘူး ဗျ ..
 ကိုယ့်ရဲ့ Password ကို အလွယ်တကူ ရိုက်လို့ရအောင် .. မှတ်မိလွယ်အောင် ပဲပေးထားတတ်ကြတယ် …
 အဲ့ဒီ့တော့ Hack မယ့်လူကလည်း အလွယ်တကူပါပဲ .. ပါသွားလေရော .. ပြီးရင် ကိုယ့်ရဲ့
Password ကို သူများကို မပေးပါနဲ့ .. သူများဆီကနေလည်း ပါသွားတတ်ပါတယ် ..
ကိုယ့်အကောင့်မဟုတ်တော့ ဂရုမစိုက်တတ်တာလည်း ပါတာပေါ့ …
 ပြီးရင် ကိုယ့်ရဲ့ Password ကိုလည်း ချိန်းပေး ဖို့ အတွက်လိုပါတယ် ….
Password ကို Strong ဖြစ်ဖို့အတွက်ကတော့ သင်္ကေတတွေ ၊ အကြီးစာလုံး တွေ ၊
 နံပါတ်တွေ စသဖြင့်ပေါ့ ထားပေးပါ … ကိုယ့်ရဲ့ Password ကို Strong ဖြစ်မဖြစ်ကို
အောက်က ဆိုဒ်ကလေးမှာ သွားကြည့်ပါ
http://www.passwordmeter.com/

ကိုယ့်ရဲ့မေးလ်ကိုလဲလုံခြုံအောင်ထားပါ
ကိုယ့်ရဲ့ Facebook အကောင့် Hacked ဖြစ်ပြီဆိုပါတော့ .. ကိုယ့်ရဲ့ E-Mail
ကနေပြီးတော့ပဲ ပြန်ပြီးတော့ ယူလို့ရပါတယ် … ဖြစ်နိုင်ရင်တော့ Email နဲ့
Facebook အကောင့် Password ကို တခုတည်း မထားတာအကောင်းဆုံးပါ …
ဘာလို့လဲဆိုတော့ Facebook အကောင့်ပါသွားတာနဲ့ Email ပါ ပါသွားရင်
 မျှော်လင့်ချက်သိပ်မရှိတော့ပါဘူး … ဒါကို တော်တော်များများက သိပ်ပြီးတော့
 သတိမထားမိတတ်ကြဘူး… ကိုယ့်ရဲ့ Email ကိုလည်း အတတ်နိုင်ဆုံး safe ဖြစ်အောင်ထားပါ..

ကိုယ့်ရဲ့ကွန်ပျူတာကိုလဲလုံခြုံအောင်ထားပါ
ကျွန်တော်တို့ဆီမှာ အရင်ကတော့ Internet ဆိုင်တွေကနေပြီးတော့ သုံးကြပါတယ် ….
အဲ့ဒီ့လို သုံးကြတဲ့အခါ ကျရင် တခြားလူတွေက ကိုယ်သုံးမဲ့ကွန်ပျူတာထဲမှာ Spy တစ်ခုခု
 ထည့်ထားမယ် ဆိုပါတော့ အဲ့ဒီ့မှာ ပါသွားပါပီ … အခုနောက်ပိုင်းကတော့
ကိုယ့်ဖုန်းကနေပြီးတော့ ပဲ သုံးကြတာများမယ်ထင်ပါတယ် …
တခါတလေကျရင်လည်း ကိုယ့်ရဲ့ Computer မှာ သတိမပြုမိပဲ Run
လိုက်မိတဲ့ Software ကနေပြီးတော့ လည်း ပါသွားနိုင်ပါတယ် ..
အဲ့ဒီ့တော့ကိုယ့် Computer မှာ Protect လုပ်ထားဖို့အတွက် ကို
Antivirus ဖြစ်ဖြစ် Maleware scanner ဖြစ်ဖြစ် သွင်းထားဖို့လိုပါမယ် ။
 ဖြစ်နိုင်ရင်တော့ကိုယ် မသိတဲ့ Software ၊ မရင်းနှီးတဲ့ Software တွေကို မသွင်းပါနဲ့ …

Facebook သုံးတဲ့ အခါ Secure Browsing (https:) ဖြစ်အောင်လုပ်ပါ 
 Secure Browsing လုပ်ထားရင်ကိုယ့်ရဲ့ Activity တွေ ၊ Feature တွေကို Encrypted
လုပ်ထားပေးပါတယ်.. ကိုယ့်ရဲ့ အချက်အလက်တွေကို ကိုယ့်ရဲ့ Permission မပါပဲနဲ့
တခြားလူက အလွယ်တကူ မရနိုင်အောင်လုပ်ထားပေးတာပါ …
ဘယ်လို Secure browsing လုပ်မလဲ ….
ပထမဆုံး ညာဘက်ထောင့်ဆုံးက စက်သီးပုံလေးကို သွားပါ ..
 ပြီးရင် အောက်မှာ Privancy Setting ကို နှိပ်ပါ။
ပြီးရင်တော့ ဘယ်ဘက်နားက Security  ဆိုတာလေးကို နှိပ်လိုက်ပါ။
ပြီးရင်တော့ Secure Browsing ဆိုတာလေးမှာ Edit ဆိုတာကို နှိပ် ၊
 ပြီးရင်တော့ အဲ့ဒီ့မှာ Browse Facebook on a secure connection (https)
when possible ဆိုတာလေးမှာ အမှန်ခြစ် လေးခြစ်ပြီးတော့ Save လုပ်လိုက်ပါ …
 အောက်ကပုံလေးနဲ့ ကြည့်လိုက်ရင် လွယ်မယ်ထင်ပါတယ် …










အကောင့်ဖွင့်တဲ့အခါကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ပေးပါ
ကိုယ့်ရဲ့ ဖုန်း နံပါတ်ကိုထည့်ထားတာကတော့ နောက်ထပ် လုံခြုံရေး တဆင့်မြှင့်လိုက်ခြင်း
 ဖြစ်ပါတယ်တခြားတစ်ယောက်ယောက် က ကိုယ်ရဲ့ Password ကို Reset လုပ်မယ်ဆိုရင်
Comfirm ဖြစ်ဖို့အတွက် ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို လှမ်းပြီး တော့ Verification လုပ်ဖို့ ပို့ပေးပါတယ် …
ဒါကလည်း အသုံးကျတဲ့နည်းလမ်းလေး တစ်ခုပါပဲ .

keep me logged in ဆိုတာကိုသတိပြု၇ပါမယ်
 တချို့ ရှိကြတယ်.. ကိုယ်က သူများကွန်ပျူတာကို သွားပြီးတော့ သုံးမိတယ် ….
အဲ့ဒီ့မှာ Facebook ကိုဝင်တယ်ဆိုပါတော့ .. အဲ့ဒီ့ မှာ အောက်က Keep me logged in
ဆိုတာလေး ကို သတိမထားမိဘူး .. ဒါမှမဟုတ် အကျင့်ပါပြီးတော့ အဲ့ဒါလေးကို အမှန်လေး
 ခြစ်ထားလိုက်တယ် .. ပြီးတော့ ၀င်သုံးတယ်ပေါ့ .. နောက်တော့ကျတော့ မေ့ပြီးတော့
 browser ကို ပဲ ပိတ်လိုက်ရော.. အဲ့မယ့် ကိုယ့်အကောင့်က သူများကွန်မှာ ၀င်ထားရက်နဲ့
ကျန်ခဲ့တယ် .. အဲ့ဒါလေး က သတိမမူမိတတ်တာတွေပါ …

Login  Notification ကို Enable လုပ်ထားပါ။
 အဲ့ဒါကို Enable လုပ်ထားတယ်ဆိုရင် ကိုယ့်ရဲ့ Facebook အကောင့်ကို
တယောက်ယောက်က ၀င်တယ်ဆိုရင် သိနိုင်ပါတယ် …
ဘယ်မှာ သိနိုင်မလဲဆိုရင် ကိုယ့်ရဲ့ Email နဲ့ ကိုယ့်ရဲ့ ဖုန်းတွေမှာ
လာပြီးတော့ ပေါ်လာပါလိမ့်မယ် ….
ဘယ်လို Enable လုပ်ရမလဲ ဆိုရင်တော့ …
ညာဘက်ထောင့် မှာရှိတဲ့ စက်သီးပုံလေးကို နှိပ်ပါ ..
ပြီးရင် Account setting          ကိုသွားလိုက်ပါ …
Securtiy ကိုရွေးပြီးရင် ညာဘက်ခြမ်းက Login notification ဆို ရွေးလိုက်ပါ ..
ရွေးပြီးရင်တော့ အဲ့ဒီ့မှာ Email နဲ့ text message မှာ ကိုယ်ကြိုက်တာလေးကို
အမှန်လေးခြစ်ပေးထားပါ ..
ပြီးရင်တော့ Save Change ပေါ့

Click လုပ်တိုင်းမှာသတိရှိပါ
  မြင်ဖူးကြမယ်ထင်ပါတယ် … “View who visited Your Profile” ဆိုတာတို့ … 
သင့်ကို အချစ်ဆုံးသူက ဘယ်သူလဲတို့ အဲ့လိုမျိုး ခပ်ဆင်ဆင်လေး တွေ ….
အဲ့ဒါတွေက လူတိုင်းသိချင်တဲ့အရာလေး တွေပါ …. စိတ်ဝင်စားအောင် လုပ်ပြီးတော့
နှိပ်လိုက်မယ်ဆိုရင်တော့ ပါသွားပြီ … ဒါပေမယ့် အဲ့ဒါတွေက အကုန်လုံးတော့ မဟုတ်ဘူးပေါ့….
 ဖြစ်နိုင်မယ်ဆိုရင် အဲ့လိုမျိုး လင့်ခ် လေးတွေကို မနှိပ်ပါနဲ့… မသိရလို့ ကိစ္စသိပ်မရှိပါဘူး ..
နှိပ်လိုက်မှ ပါသွားရင်တော့ ကိစ္စရှိသွားနိုင်ပါတယ်ခင်ဗျာ

PrivancySettingနဲ့ရင်းနှီးအောင်လုပ်ပါ။
ကိုယ်တင်ထားတဲ့ပိုစ့်တွေ .. ဓါတ်ပုံတွေကို ကိုယ့်ရဲ့သူငယ်ချင်း ဒါမှမဟုတ် 
မိမိကိုယ်တိုင် စသဖြင့်ပေါ့ … အဲ့ဒါတွေကို တားထားနိုင်ပါတယ် …
ခုမှ စစသုံးချင်းသူတွေ အနေနဲ့ တော့ အဲ့ဒါတွေက စိမ်းနေမှာ အမှန်ပါပဲ …
ဒါကတော့ Hack တာနဲ့ သိပ်မဆိုင်ပေမယ့် .. ကိုယ့်က ဘယ်သူမှ မပြချင်ဘူး
 ကိုယ့်ရဲ့ သူငယ်ချင်းတွေကိုပဲ ပြမယ်ဆိုတာတွေ ရှိရင်တော့ အဲ့ဒါလေးက အသုံးဝင်ပါတယ် ….
သုံးမယ်ဆိုရင်တော့ ညာဘက်ထောင့်က စက်သီးလေး ရဲ့ အောက်မှာ
 Privancy Setting ဆိုတာလေး ရှိပါတယ်ခင်ဗျာ … ကိုယ်လိုအပ်သလိုလေး ပြင်လိုက်ပါ ….
ပိုစ့် တစ်ခုချင်းစီ အောက်မှာလည်း ပြင်လို့ရပါတယ် ..

Apps တွေသုံးမယ်ဆိုရင် သတိပြုပါ
တချို့လိုင်းကောင်းတဲ့သူတွေ ကတော့ Facebook ပေါ်မှာ ဂိမ်းကစားကြပါတယ် ..
အဲ့ဒီ့မှာကစားမယ်ဆိုရင် သူက Allow လုပ်မှာလား ဘာလားမေးပါတယ် …
တချို့ ဂိမ်းမဟုတ်တဲ့  App တွေ ၊ ပျော်ဖို့အတွက် မေးခွန်းလေးတွေမေးတဲ့
App တွေ  အဲ့ဒါမျိုးလေးတွေလဲရှိပါတယ် … ကိုယ်က Allow ပေးလိုက်မယ်ဆိုရင်
ကိုယ့်ဆီက တချို့ Information လေး တွေပါသွားပါတယ် … အဲဒါကြောင့် ကိုယ့်သုံးမဲ့
 App တွေကို ဂရုတစိုက် သုံးစေချင်ပါတယ်....

Phishingလုပ်မှာကိုသတိထားပါ
ကိုယ့်ရဲ့မေးလ်ကို Facebook ကနေပြီးတော့ ပို့တာမဟုတ်ပဲ တခြားဆိုဒ်တွေကနေပြီးတော့
ပို့တာတွေရှိပါတယ် .. အဲဒီ့လိုမျိုးအချိန်မှာ အဲ့ဒီ့ လင့်ခ်တွေကို အရမ်း မနှိပ်မိပါစေနဲ့ …
 သေချာရဲ့လား ဆိုတာကို သတိပြုပြီးကြည့်ပါ …  Phishing လုပ်တယ်ဆိုတာက တော့ 
သုံးနေကျ ဆိုဒ်တစ်ခုရဲ့ ပုံစံနဲ့ တထပ်တည်း ပုံစံတူကျအောင်လုပ်ပြီး(ယုံအောင်)
အဲ့ဒီ့မှာ ရိုက်ထည့်သမျှ ကွန်ပျူတာသုံးသူတွေရဲ့ အချက်အလက်တွေကို ခိုးယူခြင်းပါပဲ …
  အဓိပ္ပါယ်က သိပ်တော့ မပြည့်စုံပါဘူး … ဒါပေမယ့် အကြမ်းဖျင်းလေးပါ …
အဲ့ဒါကြောင့် သုံးတော့မယ်ဆိုရင် ကိုယ့်သုံးမဲ့ ဆိုဒ်ရဲ့ လိပ်စာကို သေချာလေး
ဖတ်ကြည့်ဖို့ လိုမယ်လို့ထင်ပါတယ်
အောက်ကနေရာလေးမှာတော့ Facebook ရဲ့ Security tips ကလေးတွေ ရေးထားတာလေး
 ရှိပါတယ် .. ကြည့်ကြည့်ပါဦး
https://www.facebook.com/help/379220725465972/ 
အတတ်နိုင်ဆုံး နဲ့ အနီးစပ်ဆုံး နားလည် သဘောပေါက်လွယ်အောင်  ရေးထားပါတယ်ခင်ဗျာ .. အသုံးဝင်မယ်လို့လည်းထင်ပါတယ် … 
အားလုံးပဲ အစစအရာရာ အရင်ထက်ပိုပြီးတော့ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ….



No comments:

Post a Comment