Blogger Widgets ဆော့ဝဲလ်ကျောင်းတော် ကို ၁၄.၃.၂၀၁၃ တွင် စတင်တည်ထောင်ပါသည်.ဖုန်းနည်းပညာ များကိုအဓိကထားေ၇းသားပေးပါမည် သူငယ်ချင်းတို့ လိုချင်တာလေးတွေလဲ တောင်းဆိုသွားနှိုင်ပါတယ်နော် .စာဖတ်ပ၇ိတ်သတ်အနေနဲ့ တခုလောက်အကူညီတောင်းဆိုချင်ပါတယ်ခင်ဗျာ မိမိတို့ လေ့လာခဲ့သော လင့်များသေပြီးအလုပ်မလုပ်ခဲ့လျှင် ကွန့် မက်လေး ပေးပြိးအသိပေးစေချင်ပါတယ် ဒါမှလဲ ပြန်လည်ပြုပြင်လို့ ၇မှာဖြစ်ပါတယ် .............အားလုံးကိုလေးစားစွာဖြင့် မိုးတိမ်(နည်းပညာ)...

Friday, August 2, 2013

android phone တွေကိုအတုနဲ့အစစ်ဘယ်လိုခွဲခြားသိနိုင်မလဲ

Android ဗဟုသုတပေါ့ဗျာ။ သိထားသင့်တယ်ထင်ပါတယ်။ Handsetတွေ
 ဒီလောက် တံဆိပ်မျိုးစုံ၊ Model မျိုးစုံများပြားလွန်းတဲ့ ခေတ်ကြီးထဲမှာ Android
အစစ်ဖြစ်ကြောင်း ဘယ်လိုစမ်းရင်သိနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။
တစ်ချို့JAVA ဖုန်းတွေက Android ဖုန်းတွေလို အသွင်အပြင်တွေ တော်တော်ဆင်ပါတယ်။
 ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင်

 ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့
Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။
တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာတွေ့ရတတ်ပါတယ်။
Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်ပါဝင်ပါတယ်။
ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။
 Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေက
ဘာတွေကွဲပြားလဲဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့။
Brand အစစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsetsတွေမှာ
 Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး
ဝယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို
ပြောပြလိုက်ပါတယ်။
အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားတာတွေ့ ရပါတယ် တကယ့်အစစ်တိုင်းပါပဲ
အဲဒီလိုဖုန်းတွေအစစ်ဆိုတာဘယ်လိုစမ်းနိုင်မလဲဆိုရင်အလွယ်ဆုံးက setting ထဲကိုဝင် Displayကိုရှာလိုက်ပါ samsung glaxy seires တွေအတွက်ဒီနည်းကအသုံးဝင်ပါတယ် display ထဲက font style ကိုရှာလိုက်ပါ
တွေ့ခဲ့ရင်အစစ်ဖြစ်ကြောင်းယုံလို့ရပါပြီနော် နောက်ထပ်တနည်း၇ှင်းပြမယ်နော်
setting ထဲကိုဝင် about phone ကိုတွေ့ ရပါလိမ့်မယ် အဲဒီမှာ android version4.0.4 စသဖြင့်ရေးထားတဲ့နေရာလေးကို ၃ချက်လောက်ဆက်တိုက်ခေါက်ပေးလိုက်ပါနော် စက်ရုပ်ပုံလေးပေါ်လာပါလိမ့်မယ်ဗျာ..ကဲဗျာ android အစစ်ဟုတ်မဟုတ်ကို
စမ်းတဲ့နည်းလမ်းလေးကတော့ဒီလောက်ပါပဲဗျာ..၀ယ်ပြီးတဲ့သူငယ်ချင်းတွေလဲ စမ်းသပ်လိုက်ပေါ့နော် ကျနော့်ဖုန်းကတော့အစစ်ဗျ တိန်...ဟီးးး



4 comments: