Blogger Widgets ဆော့ဝဲလ်ကျောင်းတော် ကို ၁၄.၃.၂၀၁၃ တွင် စတင်တည်ထောင်ပါသည်.ဖုန်းနည်းပညာ များကိုအဓိကထားေ၇းသားပေးပါမည် သူငယ်ချင်းတို့ လိုချင်တာလေးတွေလဲ တောင်းဆိုသွားနှိုင်ပါတယ်နော် .စာဖတ်ပ၇ိတ်သတ်အနေနဲ့ တခုလောက်အကူညီတောင်းဆိုချင်ပါတယ်ခင်ဗျာ မိမိတို့ လေ့လာခဲ့သော လင့်များသေပြီးအလုပ်မလုပ်ခဲ့လျှင် ကွန့် မက်လေး ပေးပြိးအသိပေးစေချင်ပါတယ် ဒါမှလဲ ပြန်လည်ပြုပြင်လို့ ၇မှာဖြစ်ပါတယ် .............အားလုံးကိုလေးစားစွာဖြင့် မိုးတိမ်(နည်းပညာ)...

Wednesday, April 24, 2013

frozen keyboard pro new version 0.4.1.APK 1.5MB







Android ဖုန်း/Tablet တွေအတွက် ၂၀၁၃ ဧပြီလ ၁၃ ရက်နေ့

မှာထပ်မံထွက်ရှိလာတဲ့ Android မြန်မာစာကီးဘုတ်

 “Frozen Keybord Pro” version အသစ် 0.4.1 ကိုတင်ပေးလိုက်ပါတယ်။

 Frozen Keyboard ကတော့ Android ဖုန်းအသုံးပြုသူတိုင်း

သိကြမယ်လို့ထင်ပါတယ်။ ယခု Pro version 0.4.1 မှာတော့

 ဇော်ဂျီဖောင့်ကိုအမှန်အတိုင်းမြင်ရပါပြီ ၊ စာရိုက်ရင်စာလုံးလွဲတာ

တွေမဖြစ်တော့ပါဘူး ။ ဒီဇိုင်းကလည်းအရင် Frozen keyboard

 ထက်ပိုပြီး သပ်ရပ်လှပတာကိုတွေ့ရပါတယ်။

Frozen Keyboard Pro ရဲ့အသွင်အပြင်ကို Android 4.0

အထက်ဖုန်းတွေရဲ့ Default Keyboard ဒီဇိုင်းမျိုးနဲ့

ရေးသားထားတာကိုလည်းတွေ့ရပါတယ်။ ယခု Frozen Keyboard Pro

မှာတစ်ချို့သော မြန်မာစာလုံးပေါင်းများကို shift key ရိုက်၍အချိန်

မကုန်ရအောင် key တစ်ခုချင်းစီကို long press နှိပ်ထားရုံနဲ့

 Shift နဲ့တွဲရိုက်ရမယ့် အက္ခရာများကို Pop-up key အနေနဲ့ပြပေးမှာဖြစ်ပါတယ်။

 Frozen Keyboard Pro ကိုရေးသားသူကတော့

Android Developer ကိုသီဟအေးကျော် ပဲဖြစ်ပါတယ်။

 Myanmar Android users များအတွက် Developer ကိုသီဟအေးကျော်ရဲ့

 ကြိုးပမ်းမှုများက ဂုဏ်ယူဖွယ်ရာဖြစ်ပါတယ်။ Frozen Keyboard Pro ဟာ

 မြန်မာစာရိုက်ဖို့သာဖြစ်ပြီး မြန်မာလိုဖတ်ရှုဖို့ကတော့ မိမိတို့ရဲ့

Android ဖုန်း/Tablet များမှာ ဇော်ဂျီမြန်မာစာ font သွင်းထားဖို့လိုပါတယ်။

 Frozen Keyboard Pro v0.3.1 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။


Android frozen keyboard pro download

ဖုန်းကနေ download လုပ်ချင်တယ်ဆို၇င်တော့ မိမိတို့ ဖုန်း၇ဲ့ play store ကနေ

 frozen keyboard pro လို့ ၇ိုက်ပြိးရှာလိုက်၇င် ၇ပါတယ်ခင်ဗျာ

စာဖတ်ပ၇ိတ်သတ်အပေါင်း အဆင်ပြေကြပါစေ

No comments:

Post a Comment